သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ နို့စားနွားမွေးမြူရေးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ခြံဖျန်းပိုးသတ်ဆေးပေးဝေခြင်း လုပ်ငန်းများဆောင်ရွက်
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လေးထောင့်ကန်ကျေးရွာ၊ (၄)လမ်း၊ ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနေခြည်နွေးက နို့စားနွားမွေးမြူလျက်ရှိသည့် တောင်သူများအား နို့စားနွားမွေးမြူရေးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ခြံဖျန်းပိုးသတ်ဆေးများ ပေးဝေခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း ရှိ/ မရှိကွင်းဆင်းစစ်ဆေး
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိမရှိကို ယမန်နေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ဝန်လိုရပ်ကွက်ရှိကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၆၅၆)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး စော်ဘွားလက်တံမြောင်းတွင် သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်းဆလံအချောသတ်ခြင်းများဆောင်ရွက်ပေး
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ(၆၅၆)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းခွဲမှ စော်ဘွားလက်တံမြောင်းတွင် သဲနုန်းများတူးဖော်ခြင်းနှင့် မြောင်းနှုတ် ခမ်းဆလံအချောသတ်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးဟောပြော
Nov 09,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်၌ (၅၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့နေ့လယ် ၁နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ယာဥ်များ စီးနင်းမောင်းနှင်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဥ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဥ်သွားလာမှု များပြားသောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။