ကျောက်ဆည် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ(၆၅၆)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းခွဲမှ စော်ဘွားလက်တံမြောင်းတွင် သဲနုန်းများတူးဖော်ခြင်းနှင့် မြောင်းနှုတ် ခမ်းဆလံအချောသတ်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုငွေ(၁၅.၀၀၀)ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး မိုင်တိုင်အမှတ် (၀+၀၀၀)မှ (၈၂၀+၀၀၀) အရှည်(၂၀၀၀၀)ပေ၊ အတွင်းရှိ သဲနုန်းမြေကြီးကျင်း(၃၂၀၀)ကျင်း တူးဖော်ပေးခြင်းနှင့် မြောင်းနှုတ်ခမ်းဆလံများ အချောသတ်ပေးခြင်းလုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးရေများ လွယ်ကူချောမောစွာပေးဝေနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
စော်ဘွားလက်တံမြောင်းတွင် သဲနုန်းများတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်းဆလံအချောသတ်ခြင်းများဆောင်ရွက်ပေးခြင်းဖြင့် သီးနှံမျိုးစုံ (၆၅၆)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)