မင်္ဂလာဒုံ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လေးထောင့်ကန်ကျေးရွာ၊ (၄)လမ်း၊ ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနေခြည်နွေးက နို့စားနွားမွေးမြူလျက်ရှိသည့် တောင်သူများအား နို့စားနွားမွေးမြူရေးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ခြံဖျန်းပိုးသတ်ဆေးများ ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နို့စားနွားမွေးမြူလျက်ရှိသည့်တောင်သူ (၁၅)ဦးတတ်ရောက်ခဲ့ကြပြီး ဒေါက်တာနေခြည်နွေးမှ နို့စားနွားများမွေးမြူရာတွင် နွားများ၏ ကျန်းမာရေးသည်အဓိက အရေးကြီးသဖြင့် ဂရုပြုလိုက်နာဆောင်ရွက်ကြရန်အချက်များကို အသေးစိပ်ဟောပြောဆွေးနွေးခဲ့ပြီး တတ်ရောက်လာကြသည့် တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ကြပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနေခြည်နွေးမှ ခြံဖျန်းပိုးသတ်ဆေးများဝေခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)