မြစ်သားမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြစ်သား  နိုဝင်ဘာ   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြစ်သားမြို့နယ်ပညာရေးမှူး  ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး လက်‌ ထောက်ပညာရေးမှူး ဦးနိုင်အေးမှ ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများ၊ ခွင့်ခံစားခြင်းအကြောင်းအရာများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် အပြန်အလှန်ဆွေးနွေးပို့ချမည့် အကြောင်း အရာများကို အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စီမံဘာသာရပ်၊ဘဏ္ဍဘာသာရပ်၊ပညာဘာသာရပ်စသည့်ဘာသာရပ်များကိုဆွေးနွေးပို့ချမည့်ဆရာ၊ ဆရာမများက ဦးဆောင်၍တက်‌ရောက်လာသောသင်တန်းသားများနှင့် အပြန်အလှန်  ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၉)ရက်နေ့မှ(၁၀)ရက်နေ့ထိ(၂)ရက် ကြာအခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၅) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၆)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၂၀)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၁၃၆) ကျောင်းများရှိ ကျောင်းအုပ်ဆရာ၊  ဆရာမများဖြစ်သည့် သင်တန်းသားစုစုပေါင်း (၁၈၄)ဦးတို့ဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)