ပန်းတောင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိမရှိကို ယမန်နေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ဝန်လိုရပ်ကွက်ရှိကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဆီသွတ်ဘူးများတွင် ပြည့်စုံစွာဖော်ပြခြင်းရှိပြီး အေးခဲအစားအစာများရောင်းချခြင်း မရှိကြောင်းကို စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)