နတ်တလင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့နေ့လယ် ၁နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နတ်တလင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ကျော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ နတ်တလင်းမြို့နယ် ၆ မိုင်ပတ်လည်အတွင်းရှိ ဘုန်တော်ကြီးကျောင်းများမှ ဆရာတော်၊သံဃာတော်(၁၂၄)ပါအား ဆွမ်းဆန်စိမ်း၊ ခဲဖွယ်၊ ဝတ္ထုငွေများအား အသီးသီးလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ကြွက်နွယ်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ရေစက်သွန်းချအနုမောဓနာတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)