တံတားဦးမြို့တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးဟောပြော

တံတားဦး နိုဝင်ဘာ  ၉

တံတားဦးခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/မများ ကျောင်းသား/သူများအားဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။ ဆက်လက်၍ မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းက သဘာဝဘေးအန္တရာယ် အကြောင်းဟောပြောရာတွင် မုန်တိုင်းဘေးဆိုင်ရာအကြောင်းအရာများ၊ ရေဘေးဆိုင်ရာအကြောင်းအရာများ၊ ငလျင်ဘေးဆိုင်ရာအကြောင်းအရာများ၊ မီးဘေးဆိုင်ရာအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်များကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြသည်။

ထို့နောက် မြို့နယ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည်(၄)ဗူးနှင့် ငလျင်ဘေးနှင့်ပတ်သည့်ဆောင်ရန်၊ ရှောင်ရန်အတွက် အလျား(၆)ပေ၊ အနံ(၄)ပေရှိ ဗီနိုင်းတစ်ချပ်တို့ကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)