ဆောင်းသီးနှံ နေကြာ၊ နွေစပါးအတွက် ဓါတ်မြေဩဇာဖြန့်ဖြူး ပေးအပ်ခြင်း အခမ်းအနားဒိုက်ဦး၌ ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၁၄

ဆောင်းသီးနှံ နေကြာ၊ နွေစပါးအတွက် ဓါတ်မြေဩဇာဖြန့်ဖြူး ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ် ၃ မြို့မတောင်သူ ပညာပေးစခန်း၌ ကျင်းပသည်။

အဆိုပါ ဓါတ်မြေဩဇာများအား ဆောင်းသီးနှံနေကြာနှင့် သီးနှံများအား ထုတ်လုပ်မှုတိုးတက်စေရေး အထောက်အကူပြုစေရန် ဖြန့်ဖြူးပေးရခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဇော်သိန်းနိုင်က ရှင်းလင်းပြောကြားသည်။

မြေဩဇာဖြန့်ဖြူးမှုနှင့်ပတ်သက်၍ မြို့နယ်အတွင်း စိုက်ပျိုးမည့်နေကြာအတွက် ၁၉၁ အိတ်၊ နွေစပါးအတွက် ၂၈၀၉ အိတ်၊ စုစုပေါင်းအိတ် ၃၀၀၀ အားမြို့နယ် ဓါတ်မြေဩဇာဖြန့်ဖြူးရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ဦး၊ စိုက်ပျိုးရေးဦးစီးအရာရှိနှင့် သမဝါယမ ဦးစီးအရာရှိတို့က တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)