ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးမဥ္ဇူက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ ဦးဝင်းသိန်းက ပြောကြားရာတွင် အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန် (ယုဒသန်) ကောလိပ်ကျောင်းသားများက ကန့်ကွက်သပိတ်မှောက် ဆန္ဒပြခဲ့သောနေ့ကြီးဖြစ်ပါကြောင်း၊ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံ၏ ဗြိတိသျှဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့ကြောင်း၊ တစ်ဖန် အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ ကြောင်း၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် မြန်မာပြည်သူပြည်သားများအတွက် ပညာတတ် နည်းပါးရန် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ရသော ဥပဒေဖြစ်ကြောင်း၊ ၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ရရက်နေ့တွင်၅ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသား သပိတ်စတင်ခဲ့ကြောင်း၊ အမျိုးသားနေ့ကို သတ်မှတ်ရာတွင် နယ်ချဲ့ ဗြိတိသျှတို့အား ပထမဆုံးသပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)