သာကေတ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌၊ ယမန်နေ့ နံနက် (၇:၅၅) အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် ၃/မာန် ပြေရပ်ကွက်၊ မာန်ပြေ(၁၄)လမ်းအရှေ့ရှိ မီးဘေးသင့်အိမ်ထောင်စု(၁)စုနှင့် မီးလောင်မှုဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်ရှိ မီးဘေးသင့်အိမ်ထောင်စု(၂)စု တို့အား ယမန်နေ့ ညနေ(၄)နာရီအချိန်က မရဝိဇရဓမ္မာရုံ၌ သာကေတမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်တို့မှအလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း ခဲ့သည်။
အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းရာ၌ သာကေတမြို့နယ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့မှ ငွေကျပ်တစ်သိန်း၊ (၂၄)ပြည်ပါဆန်တစ်အိတ်နှင့် မြို့နယ်လူမှုကူညီရေးအသင်းများဖြစ်ကြသည့် ဝင်းလူမှုကူညီရေးအသင်း၊ ပေးဆပ်သူလူမှု ကူညီရေးအသင်း၊ အမတဂဝေသီလူမှုကူညီရေးအသင်း၊ မနောဖြူလူမှုကူညီရေးအသင်း၊ မြမြန်မာလူမှုကူညီရေးအသင်း၊ ဇေယျသုခလူမှု ကူညီရေးအသင်း၊ နှလုံးလှလက်များ လူမှုကူညီရေးအသင်း၊ အားမာန်သစ်လူမှု ကူညီရေးအသင်း၊ အေးမေတ္တာ လူမှုကူညီရေး အသင်းများမှ စုပေါင်း၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့်မီးဘေးသင့် အိမ်ထောင်စုအား ငွေကျပ်တစ်သိန်း၊ မီးကူးစက်လောင်ကျွမ်းခံရသော အိမ်ထောင်စု(၂)စုအား ကျပ်တစ်သိန်းစီသွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)