မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်၊ဝေဘာဂီလမ်းပေါ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉:၃၀ အချိန်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၃၅)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးဒုရဲမှူး လှိုင်ဝင်းအောင်နှင့်အဖွဲ့က လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများ၊ ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်တော်တဆမှုနှင့် ပတ်သက်သည့် အမှားအမှန်များ၊ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ်ဥပဒေအကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကိုအမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းသား/သူများ၊ ဆရာ/မများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)