ပုဇွန်တောင် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် စီမံကိန်းလုပ်ငန်းများအား မိမိတို့မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်၍ အကျိုးပြုသောလုပ်ငန်းများ တင်ပြပေးကြရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား မှာကြားလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ရုံးဥပဓိရုပ်သန့်ရှင်းသပ်ရပ်ရေး၊ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ လုံခြုံရေးကိုအထူးသတိပြု ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေမှတင်ပြတောင်းခံထားသော စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်