သတင်းများ

တောင်ကြီး တန်ဆောင်တိုင် နေ့လွှတ်အရုပ်မီးပုံးပျံတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Nov 10,2022
၂၀၂၂ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊  စူဠာမုနိ လောကချမ်းသာ စေတီတော်ရင်ပြင်၌ကျင်းပသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် ကွမ်းသီးခြံပိုင်ရှင်များ ဈေ‌ကောင်းရရှိရန်မျှော်မှန်း
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့်   အသက်မွေးဝမ်းကြောင်းကို ပြုလုပ်လျက်ရှိရာ  ယခုလ ပထမအပတ်မှစပြီး ကွမ်းသီးဈေးနှုန်း တစ်ဟုန်းထိုးကျဆင်းလာ၍ ဈေးကောင်းပြန်လည်ရရှိရန် ကွမ်းခြံပိုင်ရှင်များ မျှော်မှန်းလျက်ရှိသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
Nov 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကိုယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှ တစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၅၁၅)ကြိမ်ရှိလာ
Nov 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှ တစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ကျောက်တလုံးကြီးမြို့တွင် Mobile Library  စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Nov 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများ  စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်အတွက်    ယနေ့ နံနက် ၁၀ နာရီခန့်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ
Nov 10,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်က ဖွင့်လှစ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ  အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။