သတင်းများ

ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇) ရပ်ကွက် ၊ ရွှေကြက်ဖ မီးပွိုင့်အနီး အများပြည်သူ သွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံ
Nov 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊‌ ကျောက်ငှက်ကျေးရွာအုပ်စု၊ အုပ်တွင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသ‌နေပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ကြက်သွန်ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
Nov 10,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်  ထန်းတပင်အုပ်စု  ဇီးတောကျေးရွာရှိ တောင်သူအများစုအနေဖြင့် ဒေသ၏ ရေမြေသဘာဝအလျောက် အမြဲလုပ်ကိုင်ခြင်းဖြစ်ပြီး မြေအောက်ရေကိုတူးဖော်ကာ ရေတင်စိုက်ပျိုးခြင်းဖြင့်  ကြက်သွန်စိုက်ပျိုးခြင်းလုပ်ငန်း၊ ပဲဇင်းငုံစိုက်ပျိုးခြင်း၊ နေကြာစိုက် ပျိုးခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသည့် ကျေးရွာတစ်ရွာဖြစ်သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်” Talk Show ကျင်းပဆောင်ရွက်
Nov 10,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” Talk Show ဆောင်ရွက်ခြင်းကို ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများကို (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောခြင်း၊ အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Nov 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကလေးအလုပ်ပပျောက်‌ရေးဆိုင်ရာ အသိပညာပေး Talk  Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
တမူးမြို့တွင် အ​ခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့်   ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍  အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဥ် ရောင်းချပေးလျက်ရှိရာ  ယနေ့နံနက် ၈ နာရီအချိန်က စော်ဘွားအင်း ရပ်ကွက်တွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။