စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်” Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ ၁၀

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” Talk Show ဆောင်ရွက်ခြင်းကို ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပေးပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဌေးဝင်းက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သက်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦး ရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝက ရုံးများသို့ ဖြေရှင်းဆောင်ရွက်ရန်နှင့် သက်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ သုတ/ ရသ၊ စာအုပ်များ အခမဲ့ငှားရမ်း ပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များအား ပြပွဲ/ ပြိုင်ပွဲကျင်းပပေးခြင်းတို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်