တမူး နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဥ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က စော်ဘွားအင်း ရပ်ကွက်တွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် စျေးလာဝယ်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးအတွက် နှာခေါင်းစည်း (mask)များ ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုတစ်စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ နှင့် ဟင်းသီးဟင်းရွက်များပါ အခြေခံစားသောက်ကုန် (၆)မျိုးကို အိမ်ထောင်စု (၃၀၀) စုတို့အား ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြန့်ဖြူး ရောင်းချပေးခဲ့သဖြင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ရတနာ