ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်

ဘားအံ   နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇) ရပ်ကွက် ၊ ရွှေကြက်ဖ မီးပွိုင့်အနီး အများပြည်သူ သွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ဘားအံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့များက ‌ဒေသခံခရီးသွားများ၊ စျေးရောင်း/ ဈေးဝယ်ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း  ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သွားလာရန်၊  ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)