ကြက်သွန်ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မြို့သစ် နိုဝင်ဘာ ၁၀

မကွေးခရိုင်၊ မြို့သစ်မြို့နယ်  ထန်းတပင်အုပ်စု  ဇီးတောကျေးရွာရှိ တောင်သူအများစုအနေဖြင့် ဒေသ၏ ရေမြေသဘာဝအလျောက် အမြဲလုပ်ကိုင်ခြင်းဖြစ်ပြီး မြေအောက်ရေကိုတူးဖော်ကာ ရေတင်စိုက်ပျိုးခြင်းဖြင့်  ကြက်သွန်စိုက်ပျိုးခြင်းလုပ်ငန်း၊ ပဲဇင်းငုံစိုက်ပျိုးခြင်း၊ နေကြာစိုက် ပျိုးခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ယခုနှစ်သည် ကခင်ကကြက်သွန်စျေးအနည်းအများဖြင့် ရောင်းချရသော နှစ်ဖြစ်သော်လည်း မနှစ် ကစျေးထက်  အနည်းငယ်ရရှိသောကြောင့်  ကြက်သွန်စိုက်တောင်သူ  ဉီးဖိုးနီထံမှ မိတ်စားကြက်သွန် တစ်ပိဿာလျှင် (၄၅၀)ကျပ် ပင်စိုက်ဆိုလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် အတော်အသင့် မိသားစုအတွက် စားဝတ်နေရေးအခြေအနေ ကောင်းသည်ဟု ပြောကြားသိရှိရသည်။

ဇီးတောကျေးရွာရှိ တောင်သူများအနေဖြင့်  မိတ်စားကြက်သွန်များ စိုက်ပျိုးရာတွင်  အလုပ်သ မားတစ်ဉီး ငှားမည်ဆိုပါက အမျိုးသားတစ်ဦးလျှင် ၆၀၀၀ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် ၅၀၀၀ကျပ်ဖြင့် ကြက်သွန်တူးဖော်ရာတွင် ငှားရမ်းရသည်။ တူးဖော်ပြီး ထွက်ရှိသည့် ကြက်သွန်များကို မြို့သစ်မြို့၊ တောင်တွင်းကြီးမြို့များသို့ သုံးဘီးဆိုင်ကယ်များဖြင့် သယ်ယူကာ သွားရောက်ရောင်းချရသည်။ သုံးဘီးငှားရမ်းခမှာလည်း အချိန်တစ်ထောင်လျှင်(၁၅၀၀၀ကျပ်) ဖြင့် သွားရောက်ရောင်းချရသည့်အတွက် ကုန်ကျသည်မှာလည်း ရောင်းချရသည့် စျေးနှုန်းနှင့် သင့်တော်သည်ဖြစ်၍ ကြက်သွန်စိုက်တောင်သူများအတွက် ၎င်းထက် ပိုရမည့် စျေးနှင့်ရောင်းချရပါက ပို၍မိသားစုများအတွက် စားဝတ်နေရေး ပိုပြီးအဆင်ပြေသွားမည်ဖြစ် ကြောင်းဇီတောကျေးရွာ ကြက်သွန်စိုက်တောင်သူ ဉီးဖိုးနီထံမှ ပြောကြား သိရှိရသည်။

ကိုဇော်(ပြန်/ဆက်)