သတင်းများ

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသ
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ အချိန်က အောက်မင်္ဂလာရပ်ကွက် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် အမျိုးသားအောင်ပွဲအကြောင်း စာဖတ်ဝိုင်းပြုလုပ်
Nov 11,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် ယနေ့နေ့လယ်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် အမျိုးသားအောင်ပွဲအကြောင်းကို စာဖတ်ဝိုင်းပြုလုပ်ကာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
မိုးမိတ်မြို့တွင် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်ပြဘုတ်များ ခင်းကျင်းပြသ
Nov 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လည် ၂ နာရီ အချိန်က (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
ငပုတောမြို့၌ စာသုံးရေးသူရေးရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ​ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန Community Center ခန်းမတွင် ကျင်းပြုလုပ်သည်။
မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၈နာရီမှ ၉ နာရီအထိ   မုံရွာမြို့ မြဝတီရပ်ကွက် မိုဃ်းကောင်းဘုရားအနီး၌  သွားလာသော ပြည်သူများ အတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။