(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသ

ဘုတ်ပြင်း  နိုဝင်ဘာ   ၁၁

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ အချိန်က အောက်မင်္ဂလာရပ်ကွက် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘုတ်ပြင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းတို့က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံများအား  ပြောကြားပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့်  ကျောင်းစာအပြင်  စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်း ဓာတ်ပုံများ၊ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)