ငပုတော နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန Community Center ခန်းမတွင် ကျင်းပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုရီက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့်မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စီးပွားရေး လုပ်ငန်းရှင်များအကြောင်းနှင့် အခြားသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်(တာဝန်ခံ)ဒေါ်မြင့်မြင့်စန်းမှ စီးပွားရေးလုပ်ငန်းရှင်များ အကြောင်း၊ ကဏ္ဍ(၁)ခုချင်းတွင် ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်များအကြောင်းနှင့် စားသုံးသူများ အငြင်းပွားမှု ဖြေရှင်းခြင်းကဏ္ဍတွင်လည်း တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဆောင်ရွက်ခြင်းများ ဖြေရှင်းညှိနှိုင်းဆောင်ရွက်မှုများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ရေရှည်အောင်မြင်မှုများရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင် ပညာရှင်များ ဗဟုသုတများ ရရှိစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အောင်သူ (ငပုတော)