ကြံခင်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့် အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်(၃)ရပ်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း၊ CICC ၏ အဓိပ္ပါယ် (Commerce information and comlaint Center) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် (၅)ချက်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုဆိုင်ရာအချက်များ၊ တိုင်ကြားနိုင်သည့် Call Centre (1535)သို့ ဆက်သွယ်နိုင် ကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရ သည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)