ကျောက်ဆည်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင်ထူးချွန်သူများအားဆုချီးမြှင့်

ကျောက်ဆည်  နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်(၉)နာရီက (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အားစကားပြိုင်ပွဲများတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ ဝန်ထမ်းတိုင်းပြည့်စုံရမည်စွမ်းရည်(၄)ရပ်နှင့် လိုက်နာရမည့်ကျင့်စဉ်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်းများအကြောင်း ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်းများကို  Video Clip ဖြင့် ပြသခဲ့သည်။

ထို့နောက် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၃)  အထက်မြန်မာပြည်(ဇီးပင်ကြီး) တွင် စစ်ရေးပြထူးချွန်ဆု ရရှိခဲ့သည့် ဦးစီးအရာရှိ ဒေါ်သော်သော်ဟန်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်အထိပြိုင်ပွဲအထိ မန္တလေးတိုင်းဒေသကြီးအောင်နိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် အမျိုးသား/အမျိုးသမီး ဂေါက်သီးကျင်းစိမ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ထူးချွန်သူ များအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားယူခဲ့ ကြသည့် ဝန်ထမ်းဟောင်းများအား  အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း(၅၉)ဦးအား ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)