ပုသိမ်ကြီး နို၀င်ဘာ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နေ့လည် (၁;၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေနဲ့ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာ ရရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေခြင်းများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များကို တွယ်တာတန်ဘိုးထားတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်ကြီးမြို့ပေါ်မှ စာကြည့်တိုက်သို့လာရောက် အသုံးပြုနေသော စာဖတ်ပရိတ်သတ်များ၏ ရင်သွေးငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)