Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပြိုင်ပွဲဝင်များနှင့် မိသားစုများ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်လေ့လာ
Nov 14,2022
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပပေးလျက်ရှိရာ အနုပညာရှင်တက်သစ်စလူငယ်များ လမ်းမှားမရောက်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းတောင့်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကန်စော့သီးပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများ မိသားစုအပိုဝင်ငွေရရှိ
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ကန်စော့သီးပင်စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချနေရသဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၄၅)ရာခိုင်နှုန်းပြီးစီး
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား
Nov 14,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် ယနေ့နံနက်အရုဏ်တက် ၅ နာရီ ကျော်အချိန်ခန့်မှစ၍ စောစောထလမ်းလျောက်ကြသူများ၊ အပြေးလေ့ကျင့်သူများ၊ စက်ဘီးစီးသူများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို
Nov 13,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့ကွင်း သရုပ်ပြပွဲဆောင်ရွက်
Nov 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နှစ်ရှည်သီနှံစိုက်ပျိုး တောင်သူများအား လိုအပ်သော ပျိုးပင်များရရှိနိုင်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က တောင်သူ ဒေါ်အလင်းသေး စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18408
Page
18409
Page
18410
Page
18411
Current page
18412
Page
18413
Page
18414
Page
18415
Page
18416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department