ဗုဒ္ဓမြတ်စွယ်တော် (၁၃၃) ကြိမ်မြောက် မြို့တွင်းသို့လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၃၃) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သတ္တဌာနဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင်ဆောင်ရွက်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။