ကျောက်မဲ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့ညနေက ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်အတွက် Game ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း သိရသည်။
ကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေနှင့် စာဖတ်သည့်အလေ့အကျင့်ရရှိစေရန် ကျောက်မဲခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါနှင့်ဝန်ထမ်းများက ကလေးများနှင့်ဆေးရောင်ခြယ်ခြင်း၊ ပုံပြောခြင်း၊ ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကစားပွဲများကို စာကြည့်တိုက်သို့လာရောက်သော ကလေးများကလည်း ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)