အမ်း နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် တောင်မြူခိုးကြားမှ အလှပန်းများစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက မြတ်နိုးသူ Book Club အသင်းဝင်များအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကျင်းပရခြင်းရည်ရွယ်ချက်နှင့် စာရေးဆရာမင်းလပြည့်ရေးသားသည့် တောင်မြူခိုးကြားမှ အလှပန်းများစာအုပ်မှ ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝါးညှပ်အကနှင့် မြတ်နိုးဖွယ်ရာရိုးရာပွဲတော်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝါးညှပ်အကအား မြတ်နိုးသူ Book Club အသင်းဝင်ဆလိုင်းမောင်ဝင်းနှင့် ဆလိုင်းထွန်းနိုင်ကမေးမြန်း၍ အစ္စတာမိုင်လင်းက မြတ်နိုးဖွယ်ရာရိုးရာပွဲတော်များအကြောင်းကိုမေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း