စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ ၁၅

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မင်းကွန်းတိုက်နယ် တာဝန်ခံ တို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်ခြင်းကို နိုဝင်ဘာ (၁၅)ရက်၊ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မင်းကွန်းတိုက်နယ်၊ တာဝန်ခံ ဦးအောင်မျိုးထွန်းက စိုက်ပျိုးရေးကဏ္ဍအတွက် သဘာဝ ရွက်ဖျန်းအားဆေး ပြုလုပ်ပုံ/ သုံးစွဲနည်းအဆင့်ဆင့်နှင့် သုံးစွဲတဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးများ၊ စိုက်ပျိုးရေး တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာ ကုန်ကျမှုမရှိပဲ လွယ်ကူစွာပြုလုပ် ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် အသုံးပြုဆောင်ရွက် သွားစေလိုကြောင်းများကို ဦးဆောင် ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိအောင် Talk Show များကျင်းပဆောင်ရွက်ခြင်း၊ သုတ/ ရသ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်လေးများအား ပြပွဲ/ ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်