စစ်ကိုင်း နိုဝင်ဘာ ၁၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၅)ရက်၊ နံနက်(၁၀)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
“ကျွန်မတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ အမှတ်(၁) (အ.ထ.က)ကျောင်းတို့ ပူးပေါင်းပြီးတော့ “အမျိုးဂုဏ်၊ ဇာတိဂုဏ်မမေ့ဖို့ အမျိုးသားနေ့ ကျင်းပစို့” ခေါင်းစဉ်နဲ့ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ပေးတာပါ ကျွန်မတို့ဌာနအနေနဲ့ကတော့ ပြည်သူတွေ အသိပညာဗဟုသုတများ ရရှိအောင် စာအုပ်/ စာစောင်များ အခမဲ့ ငှားရမ်းပေးနေသလို နေ့ထူး၊ နေ့မြတ်တွေမှာ ထုတ်ဝေတဲ့ သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ကျောင်းသား/ ကျောင်းသူ လူငယ်တွေ အခုလိုပြိုင်ပွဲတွေမှာ အထောက်အကူအဖြစ် အသုံးပြုနိုင်အောင် အခမဲ့ ဖြန့်ဝေပေးပါတယ် ပြပွဲ/ ပြိုင်ပွဲတွေလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါတယ် အခုအမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲမှာတော့ ကျောင်းသား/ ကျောင်းသူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ် ဆုရရှိတဲ့သူတွေကိုလည်း ဆုများချီးမြှင့်ပေးအပ်သွားမှာပါ”ဟု ခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ပြောပြ၍သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ/ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show များ၊ ပြပွဲ/ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်