သတင်းများ

အုတ်ဖိုတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အုတ်ဖို၊ ဧရာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 18,2022
“နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသည့်ဆောင်ပုဒ်နဲ့အညီ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် ကျင်းပလျက်ရှိသည်။
မောက်မယ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Nov 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ်တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ကျုံပျော်မြို့နယ် ထော်ဦးကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 18,2022
ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ ထော်ဦးကျေးရွာရှိ “မင်္ဂလာသုခဘုန်းတော်ကြီး”ကျောင်းတွင် ယမန်နေ့  မွန်းလွဲ ၁  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Nov 18,2022
မော်လမြိုင်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၇) နာရီအချိန်က အ.ထ.က(၉)စုစည်းခန်းမတွင် ကျင်းပခဲ့သည်။
တောင်သာမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ         
Nov 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင်  (၁၀၂)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်   ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မင်းစု)၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။              
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
Nov 18,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားအောင်ပွဲနေ့ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပသည်။
ကံမမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Nov 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏     ဦးဆောင်မှုဖြင့် (၁၀၂)နှစ်မြောက်   အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌  ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ  ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။