သတင်းများ

တောင်ကုတ်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Nov 18,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန် နေ့နံနက်(၉)နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Nov 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့တွင် ရောက်ရှိသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ ကံ့ကော်စာသင်ဆောင်တွင် ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇူလကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 18,2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ဦးရပ်ကွက် ၊ ဇူလကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Nov 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အ-ထ-က(ဝေါ) ကျောင်းသီရိဇေယျာခန်းမတွင် ကျင်းပသည်။
ဆွမ်ပရာဘွမ်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်း ဖွင့်လှစ်
Nov 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်း အမှတ်စဥ် (၁/၂၀၂၂)ကို နိုဝင်ဘာ(၁၄)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းကာလ(၁၅)ရက် ကြာ ဆွမ်ပရာဘွမ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနား ကျင်းပ
Nov 18,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန် က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။
ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်  စစ်တုရင်ပြိုင်ပွဲကျင်းပ
Nov 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရများ ချီးမြှင့်
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်၊ နိုဝင်ဘာလ(၁၇)ရက်၊ နံနက် ၇ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင် ခန်းမ၌ ကျင်းပကြသည်။