တောင်သာမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ         

  တောင်သာ  နိုဝင်ဘာ  ၁၈           

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင်  (၁၀၂)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်   ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မင်းစု)၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။              

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဟန်သူရက  ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားပြီးနောက် ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်း သား/ကျောင်းသူများအား  ဆုချီးမြှင့်ကြရာ  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး တာဝန်ခံတို့က စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင်ဆုရရှိသည့်   ကျောင်းသား/ကျောင်းသူများအား  အသီးသီး ဆုချီး မြှင့်ခဲ့ကြပြီး အထက(မင်းစု)ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များအား အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)