ကံမမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ကံမ နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏     ဦးဆောင်မှုဖြင့် (၁၀၂)နှစ်မြောက်   အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌  ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ  ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အမျိုးသား ဘောလီဘောပြိုင်ပွဲ၊   အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊   အမျိုးသား၊ အမျိုးသမီး ထုပ်စည်းတိုးပြိုင်ပွဲနှင့် ခြေသုံးခြောက်ထောက်၊ ဂုံနီအိတ်စွပ်၊ အာလူးကောက်၊ စကောရွက် အစရှိသည့် အမျိုးသား အမျိုးသမီးအပြေးပြိုင်ပွဲများ ပါဝင်ပြီး  ပြိုင်ပွဲများတွင် ဆုရရှိသူများအား  တာဝန်ရှိသူအသီးသီးက ဆုများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)