အုတ်ဖို နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အုတ်ဖို၊ ဧရာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာ ဖတ်ကြားပြီး ဦးကိုကိုမောင်မှ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မျိုးသားအောင်ပွဲနေ့ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား ဦးအောင်ဇော်မင်း၊ ဦးကိုကိုမောင် နှင့်ဌာနဆိုင်ရာများမှ ဆုများအသီးသီးချီးမြှင့်ပြီး ပြိုင်ပွဲဝင်ပန်းချီကားများအား ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)