မောင်တော နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ဦးရပ်ကွက် ၊ ဇူလကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မောင်တောမြို့နယ်၊ မြို့ဦးရပ်ကွက်၊ ဇူလကျေးရွာ၊ ကွင်းအမှတ်(၁၀၁/ဃ) အခေါင်းပေါက်အရှေ့ကွင်း မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာတွင် တောင်သူဂေါ်ရီနာ၏ ဦးပိုင်အမှတ်(၄၅၆)စိုက်ပျိုးဧက (၁ ဒသမ ၅၀)ဧက တွင် ဆင်းသွယ်လတ် စပါးမျိုး (၀ ဒသမ ၁၀) ဧက မိုးစပါးစံပြကွက်ကို (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းရာအစိုအထွက်တင်း(၉၄ ဒသမ ၆၀)တင်းနှင့် အခြောက်အထွက်တင်း (၈၆ ဒသမ ၀၀)တင်းထွက်ရှိကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်ထွန်းမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး