ကျောက်တော် နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ ပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား ၁၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း