တပ်ကုန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့တွင် ရောက်ရှိသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ ကံ့ကော်စာသင်ဆောင်တွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်း သားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား ခဲ့ပြီးနောက်  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် အလယ်တန်းနှင့်အထက်တန်းအဆင့် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  မီတာ(၁၀၀)၊ အာလူးကောက်၊ အပ်ထိုး၊ သုံးချောင်း ထောက်၊ အိတ်စွပ်နှင့် အရောင်ရွေးပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်