ဝေါ နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အ-ထ-က(ဝေါ) ကျောင်းသီရိဇေယျာခန်းမတွင် ကျင်းပသည်။
၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဦးသီဟထွန်းမှ ဖတ်ကြားပေးပြီး၊ (၂၃) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ (ဗဟိုအဆင့်) အသက် (၁၅-၂၀) နှစ် စန္ဒယာပြိုင်ပွဲတွင် ပဲခူးတိုင်း ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် အထကဝေါမှ Grade-(10) ကျောင်းသား မောင်ဝေလျှံထက် ကပြိုင်ပွဲဝင်သီချင်းဖြစ်သော ဂန္ဓာလေတောခြေ သီချင်းကို လက်စွမ်းပြတီးခတ်ဖျော်ဖြေပြီး၊ ပဲခူးတိုင်းကိုယ်စားပြု ယှဉ်ခဲ့သော အထကဝေါအရှေ့ Grade-(9 ) ကျောင်းသူ မမေဇင်ဦးက နဝါးနီ သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (ထက်-လယ်-မူ)စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အ-ထ-က(ဝေါ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)