ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် (၇၈)နှစ်မြောက် စာဆိုတော်နေ့ အခမ်းအနားကျင်းပ

ပန်းတောင်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် (၇၈)နှစ်မြောက် စာဆိုတော်နေ့ အခမ်းအနားကို ယနေ့ နံနက် (၉)အချိန်က ဥသျှစ်ပင်မြို့ မြို့နယ်စာရေးဆရာအသင်း အလင်္ကာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ညီမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေး ဆရာအသင်း(ဗဟို)မှပေးပို့သော စာဆိုတော်နေ့(သဝဏ်လွှာ)ကိုစာရေးဆရာ ခွန်နေဒူး (သနီမြေ) မှ ဖတ်ကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် အသက် (၈၀) အထက်စာရေး ဆရာကြီးများအား ဝတ္ထုငွေများ ပေးအပ်ခြင်း၊ ကန်တော့ခံဆရာကြီးများမှ သြဝါဒဆုံးမစကားပြောကြားခြင်း၊ စာရေးဆရာအသင်း ပါမောက္ခ ဦးကြည်စိမ်းလန်း(စိုပြေ)မှ ကဗျာအကြောင်းများ၊ စာပေအကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)