မိတ္ထီလာ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့်အရန်အဖွဲ့များ၏ သား သမီးများ အား ပညာသင်ကြားရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် အဖွဲ့ဝင်များ၏ သားသမီးများအား မြို့နယ်စစ်မှုထမ်းဟောင်းရုံးမှ တက်စွမ်းသမျှကျိုးစားပြီး တစ်နှစ်ထက်တစ်နှစ် ပိုမို ထောက် ပံ့ပေးနိုင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးနန္ဒကျော်သူ(ငြိမ်း)တို့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲတွင် မူလတန်းတွင် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူ ၉၆ ဦး၊ အလယ်တန်းတွင် တက်ရောက်နေသောကျောင်းသားကျောင်းသူ ၇၉ ဦး၊ အထက်တန်းတွင် တက်ရောက်နေသောကျောင်းသားကျောင်းသူ ၄၇ ဦး၊ တက္ကသိုလ်တွင် တက်ရောက်နေ သော ကျောင်းသားကျောင်းသူ ၃၄ ဦးတို့အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်မှ မူလတန်း တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀နှုန်း၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှုန်း၊ အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀နှုန်း၊ တက္ ကသိုလ်တန်းတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀နှုန်းနှင့် မြိုနယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ မူလတန်းတစ်ဦးလျှင် ငွေကျပ် ၅၀၀၀နှုန်း၊ အလယ် တန်းတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀နှုန်း၊ အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှုန်း၊ တက္ကသိုလ်တန်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ကျောင်းသား ကျောင်းသူ ၂၅၆ ဦးအတွက် ငွေကျပ် ၉၄၈၀၀၀၀ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)