ရွှေဘိုမြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

​ရွှေဘို နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်​ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ယ​မန်နေ့ နံနက် ၉ နာရီချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရုံးမှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဈေးအတွင်းသွယ်တန်းထားသည့် မီးသတ်ရေပိုက်လိုင်းနှင့်‌ ‌‌ ရေငုတ်များ‌ ကောင်းမွန်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ ယာဉ်များဝင်ထွက်သွားလာနိူင်မှုရှိ/မရှိ စစ်​ဆေးခဲ့ပြီး ရေပိုက်လိုင်းများ အချိန်မရွေး အသုံးပြုနိုင်‌သည်အထိ ဆောင်ရွက်ထားရှိရန်​ ပြောကြားခဲ့သည်။

ထို့​နောက်ခရိုင်မီးသတ်ဦးစီးမှူးက မီးဘေးနှင့် သဘာ၀ဘေးအန္တရာယ် အကြောင်းကို လည်းကောင်း၊ မီးသတ်ဆေးဘူးတွင် ပါရှိရမည့် သတ်မှတ်ချက်အရည်အ‌သွေးပြည့်၀မှု ရှိ/မရှိ စစ်ဆေးနည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြှိမ်းသတ်နည်းများကို လက်​တွေ့ပြသခဲ့ပြီး​နောက်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်