ဒဂုံမြို့နယ် အမှတ်(၃)အ​ခြေခံပညာ အလယ်တန်း​ကျောင်းတွင် စာဖတ်ဝိုင်းကျင်းပ

ဒဂုံ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်က ​ကျောင်းသား​၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား​စေရန်နှင့်စာဖတ်သည့် အ​လေ့အကျင့်​ကောင်းများ ရရှိ​စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်​မေသန္တာက ပြည်သူ့နီတိစာအုပ်ပါ လိုက်နာကျင့်သုံးသင့်​သော အ​လေ့အထ​ကောင်းများ၊ လူငယ်များအတွက် စည်းကမ်းများ၊လူ​နေမှုအကျင့်စရိုက်များအား သိရှိ​လေးစားလိုက်နာကြရန် စာဖတ်ဝိုင်းကို ကျင်းပရခြင်း ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ဒဂုံမြို့နယ် အမှတ်(၃)အ​ခြေခံပညာ  အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်သူ့နီတိစာအုပ်ပါ​ ခေါင်းစဉ်အလိုက်​ ကျောင်းသား​၊ ကျောင်းသူများက ပါဝင်​ဆွေး​နွေးခဲ့ကြကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်