နွားထိုးကြီး နိုဝင်ဘာ ၂၄
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံဆော်မှုကို တားဆီးခြင်း၊ လူမှုကွန်ယက်သုံးစွဲမှု သတိပြုစေရေး ဝိုင်းဝန်းဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် တင်အောင်လင်းမှ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ လူတိုင်း ကိုယ်စီရှိစေချင်သော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဆရာမ ဒေါ်လှစန်းခင်မှ ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်မှ အသိပညာပေး ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်