ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်အတွင်းစိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လိုသည့် WAIDRAGON Trading Co,Ltd အားလက်ခံတွေ့ဆုံ

ဘားအံ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသည့် WAIDRAGON Trading Co,Ltd Managing Director နှင့် အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် WAIDRAGON Trading Co,Ltd Managing Director ဦးမြင့်ဝေနှင့်အဖွဲ့က ရာဘာထုတ်လုပ်ရောင်းဝယ်ရေး၊ ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အတွင်း ဆောင်ရွက်လိုသည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးနိုင်သည့်အခြေအနေ၊ စိုက်ပျိုး ရေးထွက်ကုန်များ၊ ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)