ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကျိုက်ထို နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို နိုဝင်ဘာ (၂၄) ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာ (အခြေခံ ပညာမူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများ ကြွယ်ဝလာစေရန်  ပြင်ပစာပေများ ဖတ်ရှုကြစေရန်၊ အားလပ်သည့်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ဆွေးနွေးပြောကြားပြီး ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဥပဒေများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး၊ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး၊ စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ သဘာဝ‌ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးနေထိုင်ရေး အစရှိသည့် နံရံကပ် စာစောင်များအား ပြသ ခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်းမှာ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်  အလေ့အထ ရရှိစေရေး၊  စဉ်းစားတွေးခေါ်မှု  မြင့်မားစေရေးနှင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ  ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ကျိုက်ထို-ပြန်/ဆက်)