သတင်းများ

နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းတွင် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲပြုလုပ်
Nov 25,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပင်းမြို့ဟောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Nov 25,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကျင်းပ
Nov 25,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကို ရွှေအမ်းတောင်ခန်းမ၌ ယမန်နေ့ နေ့လယ်အချိန်က ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် အသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
Nov 25,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ပြုလုပ်ဆောင်ရွက်
Nov 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းခြင်းကို နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Nov 25,2022
တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Nov 25,2022
ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံမှုရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြို်ငပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။