သတင်းများ

ရပ်စောက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်
Nov 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဂွမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် သတင်းတု သတင်းမှား သံသရာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 26,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လယ်ပိုင်းက ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)အမှတ်(၂၀ )ပါ “လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် သတင်းတု သတင်းမှား သံသရာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Nov 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတွင် နိုဝင်ဘာ (၂၅)ရက် မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ရွာထောင်ကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
Nov 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရွာထောင်ကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွာထောင်ကျေးရွာ ဘုန်းတော်​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေး
Nov 26,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီ အချိန်က စစ်ဆေးခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ မိုးစပါးရိတ်သိမ်းချိန်တွင် ရိတ်ခြွေလှေ့စက်များ အသုံးပြုသူများလာ
Nov 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စပါးစိုက်တောင်သူများ ယခုနှစ် မိုးစပါးရိတ်သိမ်းရာသီတွင် ဆောင်းသီးနှံပြန်လည် စိုက်ပျိုးရန်နှင့် မြေအစိုဓာတ်ရရှိရန် စပါးခြွေလှေ့ရိတ်သိမ်းစက်များ ငှားရမ်းရိတ်သိမ်းလာကြကြောင်း တောင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော
Nov 26,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို  ယမန်နေ့နေ့လယ်  ၁ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။