ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှု နိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
စာအုပ်များငှာရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်း ခြင်းနှင့် စာအုပ်များအသစ်ပြန်လည်ငှားရမ်းပေးခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိကြောင်းလည်း သိရသည်။
ဇွဲထက်ကို