မိုင်းခတ် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community entre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်လွင်က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားကာ မိုင်းခတ်မြို့နယ် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချရာသင်တန်းကို နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၁ရက်နေ့ အထိ (၂)ရက်တိတိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းခတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စုစုပေါင်း(၄၇)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်